ရုရှားလူမှုဗေဒပညာရှင် Alexander Dugin၏သမီးသည် ကားပေါက်ကွဲမှုကြောင့် သေဆုံး

(GMT+08:00)2022-08-21 15:19:59  

ဒေသစံတော်ချိန် ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် ရုရှားနိုင်ငံမော်စကိုမြို့၌ ကားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူသိများသော ရုရှားလူမှုဗေဒပညာရှင် Alexander Dugin၏သမီးDarya Duginaသည် ပေါက်ကွဲမှုတွင် သေဆုံးခဲ့သည်။

ရုရှားမီဒီယာများ၏ဖော်ပြချက်အရAlexander Duginသည်မတော်တဆမှုဖြစ်သောကားကိုစီးနင်းရန်စိတ်ကူးခဲ့သော်လည်းတိုက်ဆိုင်မှုတစ်ခုကြောင့် အခြားကားတစ်စီးကိုစီးသွားခဲ့သည်။