တူရကီ၌ ပြင်းထန်သောယာဉ်တိုက်မှု ပြန်လည် ဖြစ်ပွားခြင်းကြောင့် လူ ၁၆ ဦးသေဆုံး

(GMT+08:00)2022-08-21 15:25:51  

ဒေသစံတော်ချိန် သြဂုတ်လ ၂၀ ရက်နေ့ကတူရကီနိုင်ငံ တောင်ပိုင်းဒေသရှိ မာလ်ဒင်ပြည်နယ်၌ ပြင်းထန်သောယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ယခုအချိန်အထိလူ ၁၆ ဦး သေဆုံးခဲ့သည်။

ဒေသခံမီဒီယာမှ သတင်းအရ ထိုနေ့တွင် မာလ်ဒင်ပြည်နယ် ဒဲရက်ခဒေသရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် အနီးတွင် ထရပ်ကားတစ်စီး ဘရိတ်မမိသဖြင့် ကားနှစ်စီး တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ အခင်းဖြစ်းပွားရာနေရာသို့ ရောက်လာသည့်အခါ အခြားထရပ်ကားတစ်စီးသည် လူအုပ်ထဲသို့ ဝင်လာခဲ့ကြောင်း၊ တူရကီကျန်းမာရေးဝန်ကြီးကိုလာ၏ ပြောဆိုချက်အရ ယာဉ်တိုက်မှုကြောင့် လူ ၁၆ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရရှိကာ ၄င်းတို့အနက် လူ ၈ ဦး ဒဏ်ရာ ပြင်းထန်ကြောင်းသိရပါသည်။

ထိုနေ့ အစောပိုင်းက တူရကီနိုင်ငံ အရှေ့ပိုင်းဒေသ ဂါဇီအန်တက်ဖ်ပြည်နယ်၌ ပြင်းထန်သော ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးသေဆုံးခဲ့သည်။