၂၀၂၂ခုနှစ် ကမ္ဘာ့စက်ရုပ် ပြပွဲတွင် စက်ရုပ်သစ်များကို ပြသ

(GMT+08:00)2022-08-20 16:29:48  

ပီကင်း၌ကျင်းပနေသော၂၀၂၂ ခုနှစ် ကမ္ဘာ့စက်ရုပ်ပြပွဲတွင် စက်ရုပ်အမျိုးအစားသစ် ၃၆ မျိုးကို တစ်ကမ္ဘာလုံးတွင် ပထမဆုံးအနေနှင့် တင်ပြပြီး ၄င်းတို့ကို အသုံးပြုနိုင်သောနယ်ပယ်များကလည်းဆက်တိုက် တိုးချဲ့လာပါသည်။

ကြမ်းပြင်ကြွေပြားများခင်းရန် ရည်ညွှန်းထားသောစက်ရုပ်များသည် မြန်ဆန်တိကျစွာကြွေပြားများကိုခင်းနိုင်ပါသည်။အသီးအနှံများကိုအော်တိုမက်တစ် ခူးနိုင်သည့် စက်ရုပ်များသည် အသီးအနှံများ၏ ရင့်မှည့်မှုနှင့် အရည်အသွေးစသည့် အချက်အလက်များကိုမှန်ကန်းတိကျစွာအကဲဖြတ်နိုင်ပြီးအရွယ်အစားအလိုက် အသီးများကိုအော်တိုမက်တစ် စုဆောင်းနိုင်ပါသည်။

ထို့အပြင်ယင်းပြပွဲတွင် မြင့်မားသောအပူချိန်ကိုခံနိုင်သောမီးသတ်စက်ရုပ်များ၊ ခွဲစိတ်ခန်းသုံးစက်ရုပ်များ၊  ကြက်မွေးမြူရေးသုံးစက်ရုပ်များ၊ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဒရုန်းများစသည်တို့ကိုလည်းပြသပါသည်။