အမေရိကန်သည်ဗိုလ်ကျမှုကိုထိန်းသိမ်းရန်ဥရောပနိုင်ငံကပြည်သူများအားနစ်နာဆုံးရှုံးခံစေကြောင်းရုရှားအရာရှိဆို

(GMT+08:00)2022-08-20 16:31:13  

အမေရိကန်သည်၎င်း၏ကမ္ဘာလုံးဆိုင်ရာဗိုလ်ကျမှုကိုထိန်းသိမ်းရန်အတွက်ဥရောပနိုင်ငံက ပြည်သူများ၏ ချမ်းသာသုခမှုနှင့်ဥရောပနိုင်ငံများ၏စီးပွားရေးအကျိုးကိုနစ်နာဆုံးရှုံးစေကြောင်းရုရှားနိုင်ငံတော်ဒူးမား အောက်လွှတ်တော် ဥက္ကဋ္ဌVolodin က ယခုလ ၁၉ရက်နေ့ကဆိုရှယ်မီဒီယာတွင်တင်ခဲ့သည်။

သူကဥရောပနိုင်ငံများသည် ရုရှားနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ခြင်း၊ရုရှားစွမ်းအင်တင်သွင်းရန် ငြင်းပယ်ခြင်း၊ရုရှားနိုင်ငံသားများနိုင်ငံတွင်းသို့ဝင်ရောက်ရန်တားမြစ်ခြင်းတို့သည်အမေရိကန်၏ဖိအားပေးမှုကြောင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။