ခေတ်သစ် အရှေ့မြောက်ပိုင်းဒေသ ရှင်သန်ရေးတွင် တစ်ဆင့်တိုး ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီး လျောင်နင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-08-20 16:28:57  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက လျောင်နင် ပြည်နယ်တွင် လုပ်ငန်းများကို လေ့လာ  ကြည့်ရှုရာ၌ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး လုပ်ငန်း အခြေခံမူကို စွဲကိုင်ပြီး ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေး လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို ဦးလည်မသုန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ပြီး အတူ ချမ်းသာရေးကို ထိရောက်စွာ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ခေတ်သစ် အရှေ့မြောက်ပိုင်းဒေသ ရှင်သန်ရေးတွင် တစ်ဆင့်တိုး ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီး လျောင်နင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

သြဂုတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရှီကျင့်ဖိန်သည် ကျင်ကျိုးမြို့၊ ရှင်ယမ်းမြို့ စသည့်ဒေသများရှိ တော်လှန်ရေးပြတိုက်၊ မြစ်ရေနှင့် ရေကန်များ ပြုပြင်ရေးလုပ်ငန်းစဉ်၊ လုပ်ငန်း ကုမ္ပဏီနှင့် လူနေရပ်ကွက်များသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ပါသည်။