ယီမင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး အိမ်ခြေ ထောင်ပေါင်းများစွာ ပျက်စီး

(GMT+08:00)2022-08-20 16:32:22  

ယခုလ ၁၇ ရက်နေ့ညအထိ ယီမင်နိုင်ငံ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများနှင့် အခြားသော သဘာဝဘေး အန္တရာယ်များဖြစ်ပွားခဲ့ပြီး လူ ၁၀၆ ဦးသေဆုံးပြီး အိမ်ခြေ ၂၈၆၄ လုံး ပျက်စီးသွားကာ ၄င်းအနက်တွင် အိမ်ခြေ၁၆၅လုံး တစ်ခုလုံး ပြိုကျခဲ့ကြောင်း ယီမင်နိုင်ငံ ရေကြီးရေလျှံမှုဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မတီမှ ထုတ်ပြန်သော သတင်းများအရ သိရပါသည်။

 ယခုနှစ်ဇူလိုင်လလလယ်ပိုင်းမှစပြီး ယီမင်နိုင်ငံနေရာ အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှု၊ ရွှံ့မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက်နှင့် ပိုင်ဆိုင်မှုအများအပြား ဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်းသိ ရပါသည်။