နိုင်ငံတကာမှာ ဓါးပြတိုက်မှု ပြုလုပ်ခဲ့တဲ့ အမေရိကန်

(GMT+08:00)2022-08-20 16:30:23  

မကြာခင်က ဆီးရီးယား အရှေ့မြောက်ပိုင်း ဟာစက်ပြည်နယ် ရေနံမြေမှာ အမေရိကန် စစ်တပ်က ရောက်ပြန်ခဲ့တယ်။ သူတို့ဟာ ရေနံတင်ကား ဆယ်ပေါင်းများစွာကို မောင်းနှင်ပြီး ခိုးယူတဲ့ ရေနံများကို အပြည့်တင်ဆောင်ကာ တရားမဝင် နယ်စပ်ဂိတ်ကို ဖြတ်သန်းပြီး အဲဒီရေနံများကို အီရတ်ရှိ အမေရိကန် အခြေစိုက်စခန်းသို့ ပို့ဆောင်ခဲ့တယ်။ အဲဒါဟာ သြဂုတ်လ အတွင်း အမေရိကန် စစ်တပ်က ဆဌမ အကြိမ် ရေနံခိုးခဲ့ခြင်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ဆီးရီးယားနိုင်ငံ မြို့တော်မှာ လူတွေက ပူပြင်းလှတဲ့ နေရောင်ခြည် အောက်မှာ သုံးလေးငါးနာရီကြာ ဒီ့ထက်မက တစ်ချို့က ၂၄ နာရီကြာ တန်းစီရပြီး ကန့်သတ်မှုထားတဲ့ ဓါတ်ဆီ အနည်းငယ်ကို ထည့်သွင်းခဲ့ကြတယ်။ ဆီးရီးယား အစိုးရဘက်မှ ထုတ်ပြန်တဲ့ သတင်းအရ ၂၀၂၁ ခုနှစ်မှာ ဆီးရီးယားရဲ့ ရေနံ ၈၀ ရာခိုင်နှုန်းကျော်ဟာ အမေရိကန်ရဲ့ လက်ထဲသို့ ဝင်ရောက်ခဲ့တယ်။ အမေရိကန် စစ်တပ်များက အရမ်းကာရော ရေနံခိုးခဲ့တာနဲ့အမျှ ဒီနှစ် သြဂုတ်လ ၇ ရက်နေ့ကစပြီး ဆီးရီးယားရဲ့ဓါတ်ဆီဈေးနှုန်းဟာ ၁၂၇ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလက အမေရိကန်က အီရန်ရဲ့ ရေနံတင်သင်္ဘောကို သိမ်းဆည်း ချုပ်နှောင်ပြီး သင်္ဘောပေါ်ရှိ ရေနံစိမ်း စည်ရေ ၂ သန်းကို ရောင်းချကာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကို ပိုက်ဆံရယူနိုင်ခဲ့တယ်။

ရေနံခိုးတယ်၊ စားနပ်ရိက္ခာကို လုယက်တယ်၊ နှာခေါင်းစည်းကို လုယူတယ်၊ အခြားနိုင်ငံများရဲ့ အမေရိကန်မှာ သိုလှောင်ထားတဲ့ ရွှေများကို ပြန်ပေးဖို့ ငြင်းပယ်တယ် ...... အဒီလို ပြောင်ပြောင်တင်းတင်း ဓါးပြတိုက် လုယက်မှု အပြင် အမေရိကန်က အရေးယူ ပိတ်ဆို့မှု အကြောင်းပြချက်နဲ့ အခြားနိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုများကို လည်း အကြိမ်ကြိမ် သိမ်းပိုက်ခဲ့တယ်။ ၂၀၁၉ ခုနှစ်က အမေရိကန်က ဗင်နီဇွဲလား အစိုးရရဲ့ အမေရိကန်ရှိ ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်ခဲ့တယ်။ ယူကရိန်း အကျပ်အတည်း ဖြစ်ပွားလာကတည်းက အမေရိကန်ဟာ ရုရှားရဲ့ အကြီးစား နိုင်ငံတော်ပိုင် ငွေကြေးဌာနများရဲ့ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားခဲ့တယ်။ အမေရိကန်ပုံစံ ဓါးပြတိုက်မှုဟာ နိုင်ငံတကာရဲ့ ကပ်ဘေးကြီး ဖြစ်လာပြီလို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။