ဘင်္ဂလားဒေ့ရှ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ငါးဖမ်းစက်လှေ ၅ စင်း တိမ်းမှောက်၊ လူ ၁၆ ဦးထက်မနည်း ပျောက်ဆုံးနေ

(GMT+08:00)2022-08-20 16:31:35  

ဒေသစံတော်ချိန် ယခုလ ၁၉ ရက်နေ့ညက ရာသီဥတုဆိုးရွားမှုကြောင့် ဘင်္ဂလားပင်လယ်အော်ရှိ ပါယာရာဆိပ်ကမ်းအနီးတွင် ငါးဖမ်းစက်လှေ ၅ စင်း တိမ်းမှောက်ခဲ့ပြီး ငါးဖမ်းသည် ၁၆ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု  ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ကပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာမှသတင်းအရ သိရပါသည်။ သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။