တောင်ကိုရီးယား-ကန် စစ်ရေးလေ့ကျင့်မှုသည် တောင်ကိုရီးယားပြည်သူများ၏ ဆန့်ကျင်မှုကို ဖြစ်စေ

(GMT+08:00)2022-08-19 12:45:57  

တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံတို့သည် သြဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ဒုတိယနှစ်ဝက်ပိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု “Ulchi Freedom Shield”ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းစစ်ရေးလေ့ကျင့်မှုသည် ထိုးနှက်ထိုက်ခိုက်မှုသဘော ထင်ရှားစွာ ရှိကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုရက်များတွင် ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တောင်ကိုရီးယားဒေသများစွာ၌ အမေရိကန်ဆန့်ကျင်ရေး၊ စစ်ပွဲဆန့်ကျင်ရေးစုဝေးပွဲကို ဖြစ်စေခဲ့ကြောင်း၊ စုဝေးပွဲတွင် ပါဝင်သူများသည် တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ရန် တောင်းဆိုကြပါသည်။ တောင်ကိုရီးယားပညာရှင်က တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုသည် တောင်-မြောက်ကိုရီးယား၊ မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးပွဲကို ပြန်လည် ကျင်းပရေးအတွက် အဆိပ်ဆေးဖြစ်သကဲ့သို့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အကျိုးပြုစွမ်းဆောင်မှု မရှိဘဲ ဒေသတွင်းလုံခြုံရေးကို အန္တရာယ်ဖြစ် စေမည်သာ ဖြစ်ကြောင်း ပြောကြားပါသည်။