ပြင်သစ်နိုင်ငံသည် စံချိန်တင် အဆိုးရွားဆုံး မိုးခေါင်မှု ကြုံနေရ

(GMT+08:00)2022-08-19 12:46:20  

ပြင်သစ်နိုင်ငံသည် သမိုင်းမှတ်တမ်း စံချိန်တင်သည့် အဆိုးရွားဆုံး မိုးခေါင်မှုကို ကြုံတွေ့ နေပြီး ဇူလိုင်လအတွင်း ပြင်သစ် တစ်နိုင်ငံလုံးတွင် ပျမ်းမျှမိုးရွာသွန်းမှု ၁၀ မီလီမီတာအောက်သာရှိကာ တစ်ပြည်လုံး မိုးရွာသွန်းမှုသည် လွန်ခဲ့သည့်နှစ်၏ ၁၅ ရာခိုင်နှုန်းသာရှိကြောင်း ပြင်သစ်နိုင်ငံ မိုးလေဝသဌာနက ဖော်ပြပါသည်။ အရှည် ၁၀၀၀ ကီလိုမီတာရှိသည့် ပြင်သစ်နိုင်ငံအရှည်ဆုံး မြစ်ဖြစ်သော Loire မြစ် ၏ ရေမျက်နှာပြင်သည် သိသိသာသာ ကျဆင်းသွားပြီဖြစ်ပြီး ပြင်သစ်နိုင်ငံရှိ နေရာတိုင်းလိုလိုတွင် ရေသုံးစွဲမှု ကန့်သတ်ချက်များကို ဆောင်ရွက်လျက် ရှိသည်။