ပန်ဒါကြီးများသည် အေးမြမှုကို စည်းစိမ်ခံစား

(GMT+08:00)2022-08-19 12:47:23  

ဩဂုတ်လ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ပန်ဒါများ ထိန်းသိမ်းရေးနှင့် သုတေသနစင်တာ တူးကျန်းယန့် အခြေစိုက်စခန်းရှိ အသက် ၇ နှစ်အရွယ် ပန်ဒါကြီး "Qing Qing" သည် အေးမြသောမွေးနေ့ အစားအစာကို စားသောက်ခဲ့ပါသည်။ တူးကျန်းယန့် အခြေစိုက် စခန်းသည် ပန်ဒါကြီးများ၏ဘဝအပေါ် အပူချိန်မြင့်မားသော ရာသီဥတု၏ သက်ရောက်မှုကို လျှော့ချရန်အတွက် ပန်ဒါကြီးများ၏ အသိုက်များတွင် အဲယားကွန်းများ တပ်ဆင်ခြင်း ကဲ့သို့သော အစီအမံများကို လုပ်ဆောင်ပေးခဲ့ပါသည်။