တရုတ်နိုင်ငံ၏ ဝန်ကြီးဌာန ၂ခု တို့သည် တရုတ်ငွေ ယွမ် သန်း၅၀ကို အရေးပေါ် ထုတ်ပေးပြီး ချင်းဟိုင်ပြည်နယ် တာ့ထွန်းခရိုင်၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းကို ထောက်ပံ့ပေး

(GMT+08:00)2022-08-19 12:45:32  

ချင်းဟိုင်ပြည်နယ် တာ့ထွန်းခရိုင် တောင်ကျရေဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းကို ထောက်ပံ့ပေးရန်အတွက် တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ် စီမံအုပ်ချုပ်ရေး ဝန်ကြီးဌာနတို့သည် ဗဟိုသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေ တရုတ်ငွေ ယွမ် သန်း၅၀ကို အရေးပေါ်ထုတ်ပေးခဲ့ကြောင်း၊ ယင်းငွေဖြင့် ချင်းဟိုင် ပြည်နယ်သည် အရေးပေါ် အန္တရာယ်ကင်းရှင်းရေးနှင့် ဘေးသင့်ပြည်သူ ကယ်ဆယ်ရေးကို စီမံဆောင်ရွက်ပြီး ဘေးသင့်ပြည်သူများကို နေရာရွှေ့ပြောင်းမှုနှင့် ပြန်လည်နေရာချထားရေး၊ အန္တရာယ်ကင်းရှင်းမှု စသော အရေးပေါ်ဆောင်ရွက်ချက်များ၊ နောက်ဆက်တွဲဖြစ်ပွားသော ဘေးအန္တရာယ် များကို ဖယ်ရှားစစ်ဆေးမှုနှင့် အရေးပေါ် စီမံခန့်ခွဲမှုများ၊ ပြည်သူ့နေအိမ် ပြန်လည်တည်ဆောက် မွမ်းမံမှုများ စသော လုပ်ငန်းကို အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၁၈ရက်နေ့ထုတ် သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းအရ သိရပါသည်။

သြဂုတ်လ ၁၇ ရက်နေ့ ည ၁၀နာရီ ၂၅မိနစ်က တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ရှီးနင်းမြို့ တာ့ထွန်းခရိုင်၌ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် တောင်ကျရေ စီးဆင်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ၁၈ ရက်နေ့ ည၈နာရီအထိ ရေဘေးကြောင့် လူ ၁၇ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေသေးကြောင်း သတင်းရရှိပါသည်။