ဥရောပနိုင်ငံ အများအပြားတွင် မိုးခေါင်ရေရှားမှု ဆက်လက်ဖြစ်ပေါ်နေပြီး မြစ်အောက်ရှိ “Hunger Stone”သည် ပြန်လည်ပေါ်လာ

(GMT+08:00)2022-08-19 12:48:36  

ဒေသစံတော်ချိန် ဩဂုတ်လ ၁၇ရက်နေ့တွင် ဂျာမနီနိုင်ငံ Worms ၌ ရေမျက်နှာပြင် ကျဆင်းမှုကြောင့် "Hunger Stone" သည် ကမ်းစပ်တွင် ပေါ်လာခဲ့သည်။ ဆက်တိုက်မြင့်မားသော အပူချိန်ကြောင့် ဥရောပနိုင်ငံ အများအပြားတွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး မြစ်အများအပြား၏ ရေပမာဏသည် စံချိန်တင် နိမ့်ကျခြင်း သို့မဟုတ် ခန်းခြောက်ခြင်းပင် ဖြစ်သည်။ ခြောက်သွေ့သောမြစ်ကြမ်းပြင်များတွင် "Hunger Stone" အများအပြားပေါ်လာသည်။ “Hunger Stone”သည် ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများထံမှ ဆင်းသက်လာပြီး မြစ်လယ် သို့မဟုတ် မြစ်ကမ်းဘေးရှိ ကျောက်တုံးများတွင်  ရေနည်းသောအမှတ်အသားများကို ရေးထိုးထားကာ မြစ်ရေခန်းခြောက်ပြီး  ရေကြောင်း သယ်ယူပို့ဆောင်မှု ရပ်တန့်သွားလျှင် ရေကြောင်းသယ်ယူပို့ဆောင်ရေးသမားများ၏ စားဝတ်နေရေး ပြတ်တောက်ပြီး ငတ်မွတ်မှုဒဏ်ကို ခံစားကြရမည်ဖြစ်သည်။

ထို့အပြင် အပူချိန်မြင့်မားမှုနှင့် မိုးခေါင်မှုကြောင့် ဟန်ဂေရီရှိ Danube မြစ်၏ ရေမျက်နှာပြင်သည် ဆိုးရွားစွာ ကျဆင်းသွားခဲ့ပြီး ဒုတိယကမ္ဘာစစ်တုန်းက နစ်မြုပ်သွားသောသင်္ဘောများသည် ရေထဲမှထွက်ပေါ်လာခဲ့သည်။