ယူကရိန်းသည် ပိုမိုများပြားသော လုံခြုံမှုအာမခံချက် လိုအပ်ကြောင်း zelenskyy ဆို

(GMT+08:00)2022-08-19 12:49:24  

ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့ ညက ယူကရိန်းနိုင်ငံသမ္မတ zelenskyyသည် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းထုတ်ပြန်ခဲ့ရာ၊ ၄င်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် IAEA ကိုယ်စားလှယ်အဖွဲ့က ယူကရိန်းပိုင်နက်မှ တစ်ဆင့် နျူကလီးယားဓာတ်အားပေးစက်ရုံသို့ တရားဝင်နည်းလမ်းဖြင့် လျင်မြန်ပြီး ဘေးကင်းစွာ ရောက်ရှိခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ရုရှားနိုင်ငံအနေနှင့် IAEA အား နျူဓာတ်အားပေးစက်ရုံသို့ ဝင်ရောက်ရန် ခြွင်းချက်မရှိ ချက်ချင်း ခွင့်ပြုပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံ သက်ဆိုင်ရာနေရာမှ ၎င်း၏တပ်ဖွဲ့ကို ခြွင်းချက်မရှိ ချက်ချင်း ရုပ်သိမ်းသင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။