ရုရှားအာကာသယာဉ်မှူးများ နိုင်ငံတကာ အာကာသစခန်း အပြင်အလုပ်တာဝန်များ ဆောင်ရွက်

(GMT+08:00)2022-08-19 15:22:13  

သြဂုတ်လ ၁၇ ရက်နေ့က ရုရှားအာကာသယာဉ်မှူး Oleg GermanovichArtemyev နှင့် Denis Matveyevတို့သည် နိုင်ငံတကာ အာကာသစခန်း ရုရှားစမ်းသပ်ခန်း၏ တံခါးကိုဖွင့်ပြီး အပြင်အလုပ်တာဝန်များ စတင်ဆောင်ရွက် ခဲ့ကြပါသည်။

ရုရှားအာကာသယာဉ်မှူးနှစ်ဦး၏ ယခုအကြိမ် အဓိကတာဝန်မှာ ဥရောပ အာကာသဌာနမှ တီထွင်ထုတ်လုပ်သည့် စက်ယန္တရားလက်(ERA)ကို ရုရှားစမ်းသပ် ခန်းတွင် တပ်ဆင်ခြင်းဖြစ်ပါသည်။ ၄င်းမှာ Oleg GermanovichArtemyev၏ သတ္တမအကြိမ် စမ်းသပ်ခန်း အပြင်လှုပ်ရှားမှုဖြစ်ပြီး Denis Matveyev ၏ တတိယအကြိမ် စမ်းသပ်ခန်းအပြင်လှုပ်ရှားမှုဖြစ်ပါသည်။