ဒေါ်နယ်ထရမ့်၏ နေအိမ်ကို ရှာဖွေစစ်ဆေးခြင်းနှင့် ပတ်သက်သော သက်ဆိုင်ရာ စာရွက်စာတမ်းများကို ကန် ဒေသန္တရ တရားသူကြီး ထုတ်ပြန်

(GMT+08:00)2022-08-19 15:21:20  

ဒေသစံတော်ချိန် သြဂုတ်လ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းတရားရုံး (S.D. Fla.) မှ တရားသူကြီး Bruce Reinhartသည် ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (FBI) မှ ဒေါ်နယ်ထရမ့်၏ နေအိမ်ကို ရှာဖွေစစ်ဆေးခြင်းနှင့် ပတ်သက်သော သက်ဆိုင်ရာ စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့ပါသည်။

နောက်ဆုံးထုတ် စာရွက်စာတမ်းများအရ FBIသည် နိုင်ငံတော် ကာကွယ်ရေးသတင်းများကို တမင်သက်သက် သိမ်းဆည်းထားခြင်း၊ အစိုးရမှတ်တမ်း ဖုံးကွယ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းနှင့် ပြည်ထောင်စု စုံစမ်းစစ်ဆေးမှုကို တားဆီးခြင်း အပါအဝင် ဖုံးကွယ်ထားသော ပြစ်မှုကျူးလွန်မှုများအတွက် ဒေါ်နယ်ထရမ့်အား စုံစမ်းစစ်ဆေး နေပါသည်။