လူနေရပ်ကွက် ဝန်ဆောင်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းကို တိုးမြှင့်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-08-18 17:14:58  

ယခုလ ၁၇ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လျောင်နင်ပြည်နယ် ရှင်ယန်မြို့ ဟွမ်ကူ မြို့နယ် မူတန်း လူနေရပ်ကွက်သို့ သွားရောက်ပြီး အောက်ခြေအဆင့် ပါတီ တည်ဆောက်ရေးနှင့် ပြည်သူများ အတွက် ဝန်ဆောင်မှု ပေးရေး စသည့် အကြောင်းအရာများကို သိရှိရန် ကြည့်ရှုလေ့လာခဲ့သည်။

ရှီကျင့်ဖိန်က သက်ကြီးရွယ်အိုများ အတွက် ဝန်ဆောင်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး ကလေးများ ကျွေးမွေးပြုစုပျိုးထောင်ရေး လုပ်ငန်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ် ပါတီသည် ပြည်သူများ အတွက် စိတ်ရောကိုယ်ပါ ဝန်ဆောင်ပေးခြင်း ဖြစ်ပြီး ပြည်သူများ ဘေးနားတွင် တစ်လျှောက်လုံး ရပ်တည်ခြင်း ဖြစ်ကြောင်း၊  ပြည်သူလူထုများအား ၄င်းအချက်ကို ခံစားစေသင့် ကြောင်း ပြောကြားသည်။