ရှီကျင့်ဖိန်၏ လျောင်နင်ပြည်နယ် ခရီးစဉ်။ ရှန်ယန် ရှင်စုံ အော်တိုမက်တစ် စက်ရုပ် ကုမ္ပဏီ လီမိတက်သို့ လေ့လာကြည့်ရှု

(GMT+08:00)2022-08-18 17:21:22  

သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ရှန်ယန် ရှင်စုံ အော်တိုမက်တစ် စက်ရုပ် ကုမ္ပဏီလီမိတက် (Shenyang Siasun Robot & Automation Co. Ltd.)သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

ယင်းကုမ္ပဏီသည် စက်ရုပ်နည်းပညာကို အဓိကကျသော Fully intelligent ထုတ်ကုန်နှင့် ဝန်ဆောင်မှုကို ရည်ရွယ်ထားသော အဆင့်မြင့်နည်းပညာလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ထုတ်ကုန်များကို နိုင်ငံနှင့် ဒေသပေါင်း ၄၀ ကျော်သို့ တင်ပို့ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာကုမ္ပဏီပေါင်း ၄၀၀၀ကျော်အတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။