ပါကစ္စတန်နှင့်အတူ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို “The Belt and Road” အရည်အသွေးမြင့်မားစွာ အတူ ထူထောင်ကြသည့် စံနမူနာလုပ်ငန်းအဖြစ် ဖန်တီးကြရန် ဆန္ဒရှိသည် ဟု တရုတ်ဆို

(GMT+08:00)2022-08-18 17:15:48  

တရုတ်-ပါကစ္စတန်ဆက်ဆံရေး နှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ  ထူထောင်ရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် ပါကစ္စတန်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏ သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ကြပြီး လက်ရှိလုပ်ငန်းများ၏ တည်ဆောက်မှုနှင့် လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းကို အခြေခံကာ လုပ်ငန်း၊ ပြည်သူလူထု၏ နေထိုင်မှုဘဝ၊ လယ်ယာစိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ သတင်းအချက်အလက်နည်းပညာ စသော နယ်ပယ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အာရုံစိုက်၍  တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို “The Belt and Road” အရည်အသွေးမြင့်မားစွာ အတူထူထောင်ကြသည့် စံနမူနာလုပ်ငန်းအဖြစ် ဖန်တီးကြရန် ဆန္ဒရှိကြောင်း ၁၇ရက်နေ့က ပုံမှသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။