တရုတ် ယွမ်ဝမ့် အမှတ်-၅ စူးစမ်းလေ့လာရေးသင်္ဘောသည် သီရိလင်္ကာ Hambantota ဆိပ်ကမ်း၌ ရပ်နား

(GMT+08:00)2022-08-18 17:27:47  

တရုတ်နိုင်ငံ၏ ယွမ်ဝမ့် အမှတ်-၅ သိပ္ပံပညာ စူးစမ်းလေ့လာရေးသင်္ဘောသည် ယခုလ ၁၆ ရက်နေ့က သီရိလင်္ကာနိုင်ငံ Hambantota ဆိပ်ကမ်း၌ ရပ်နားပြီး၊ သက်ဆိုင်ရာ ပစ္စည်းများကို ဖြည့်စွက်ခဲ့သည်။ သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီကျိန့်ဟုန်နှင့် သီရိလင်္ကာအစိုးရအရာရှိများသည် ဆိပ်ကမ်းသို့သွားရောက်ဆီးကြိုခဲ့ကြ သည်။