ရှီကျင့်ဖိန်သည် တရုတ် လျောင်နင်ပြည်နယ် ရှန်ယန်မြို့တွင် ကြည့်ရှုစစ်ဆေး

(GMT+08:00)2022-08-18 17:08:38  

ယခုလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ လျောင်နင် ပြည်နယ် ရှန်ယန်မြို့ရှိ ရှန်ယန် ရှင်းစုန်း အော်တို စက်ရုပ် ကုမ္ပဏီလီမိတက်နှင့် ဟွမ်ကူးမြို့နယ် ဆန်းထိုင်ဇီလမ် ရှိ မူတန်းရပ်ကွက်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိခဲ့ပြီး ဒေသခံလုပ်ငန်းကုမ္ပဏီများ၏ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုမြှင့်တင်ရေးနှင့် အောက်ခြေအဆင့် ပါတီလုပ်ငန်း ဆောင်ရွက်မှုများနှင့် ရပ်ရွာဝန်ဆောင်မှုများ တွန်းအားပေးခြင်းကို လေ့လာစစ်ဆေးခဲ့ကြောင်း သိရပါသည်။