ကန်အနေနှင့် ပိုမိုဆိုးဝါးသော အကျပ်အတည်း မဖန်တီးရန် တရုတ် တည်ကြည် လေးနက်စွာ သတိပေး

(GMT+08:00)2022-08-18 17:25:45  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်အစိုးရအရာရှိ၏ ထိုင်ဝမ်ဆိုင်ရာ ပြောဆိုချက်များကို ဘက်ပေါင်းစုံမှ ဝေဖန်ချေပပြီး အမေရိကန်အနေနှင့် ကမူးရှူးထိုး မလုပ်ရန်နှင့် ပိုမိုဆိုးဝါးသော အကျပ်အတည်းကို မဖန်တီးရန်  တည်ကြည် လေးနက်စွာ သတိပေးကာ မီးကစားသူသည် မီးဝါးခံရလိမ့်မည်ဖြစ်ပြီး တရုတ်နိုင်ငံကို ကျူးကျော်ထိပါးသူ ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ သော့ချက်ကျသော အကျိုးစီးပွားများကို ထိခိုက်စေသော စကားနှင့် လုပ်ရပ်များကို ရပ်တန့်ရန်နှင့် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန် ဝမ်ဝင်ပင်က ထပ်လောင်း တိုက်တွန်းခဲ့သည်။