ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00)2022-08-18 17:11:15  

ဒေသစံတော်ချိန် သြဂုတ်လ ၁၇ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ သည် နေပြည်တော်၌ မြန်မာနိုင်ငံ အိမ်စောင့်အစိုးရဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့ ပါသည်။

၎င်းမှာ နိုလင်းဟေဇာမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ တာဝန်ထမ်းဆောင် ပြီးနောက် ပထမဆုံးအကြိမ် မြန်မာခရီးစဉ်ဖြစ်ပါသည်။ နိုလင်းဟေဇာသည် သြဂုတ်လ ၁၆ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိပြီး နေပြည်တော်သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။