Pelosi ထိုင်ဝမ်သို့ တရားမဝင် သွားရောက်ခြင်းသည် သေချာစီစဉ်ထားသော ရန်စခြင်းဖြစ်သည်ဟု ပူတင် ဆို

(GMT+08:00)2022-08-18 17:32:32  

    ၁၆ ရက်နေ့က ပူတင်သည် ၁၀ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး အစည်းအဝေးသို့ တက်ရောက်ရာတွင် Pelosi ထိုင်ဝမ်သို့ တရားမဝင် သွားရောက်ခြင်းသည် နိုင်ငံရေးသမား၏ မဆင်မခြင် အပြုအမူသာ မဟုတ်ဘဲ သေချာစီစဉ်ထားသော ရန်စခြင်းဖြစ်သည်ဟု ဖော်ပြသည်။

    ယခုလ ၁၇ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သမ္မတပူတင်၏ ဖော်ပြချက်ကို ချီးကျူးကြောင်း၊ ယင်းဖော်ပြချက်သည် တရုတ်-ရုရှား အဆင့်မြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ပြကြောင်း၊ သော့ချက်ကျသော ရေးရာများအပေါ် နှစ်နိုင်ငံတို့ အပြန်အလှန် ထောက်ခံအားပေးခြင်းကို ဖော်ပြကြောင်း ပြောကြားခဲ့သည်။