အသက် ၈၀ အရွယ် အဘွားအိုရဲ့ ဖက်ရှင်ကျကျ ဓာတ်ပုံများ

(GMT+08:00)2022-08-17 17:13:27  

အခုရက်များက ကျန်းစူးပြည်နယ် စူးကျိုးမြို့မှ မိန်းကလေး ရှင်မုန့်ချိန် ရိုက်ကူးထားတဲ့ အသက် ၈၀ အရွယ် သူမအဖွားရဲ့ ဖက်ရှင်ကျကျ ဓာတ်ပုံများဟာ အင်တာနက် သုံးစွဲသူများကို စိတ်ထိခိုက်စေတယ်။ မြေးမလေးရဲ့ကင်မရာရှေ့မှာ ခေါင်းပေါင်း သို့မဟုတ် ကောက်ရိုးဦးထုပ် ဆောင်းထားတဲ့ အဘွားအိုရဲ့ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်မှာ ကြည်လင်သောအပြုံး ရှိပါတယ်။

အင်တာနက်သုံးသူများက အဖွားကိုလွမ်းတယ်...အဲဒါကိုကြည့်ရင်း မျက်လုံးတွေ နီရဲလာနေတယ်လို့ ပြောကြတယ်။