မြောက်ကိုရီးယား ပြုံယမ်းမြို့ ပြည်သူများသည် အမျိုးသား လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး ရရှိခဲ့သည့် ၇၇နှစ်ပြည့်အထိမ်းအမှတ်ကို ပြုလုပ်

(GMT+08:00)2022-08-17 17:17:13  

သြဂုတ်လ ၁၅ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ပြည်သူများသည် လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး ရရှိခဲ့သည့် (၇၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပကြသည်။ ဩဂုတ်လ ၁၅ရက်နေ့သည် ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချခဲ့သည့် (၇၇) နှစ်ပြည့်နှင့် ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး ရရှိခဲ့သည့် (၇၇) နှစ်ပြည့် ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။