လျှို့ဝှက်စာရွက်စာတမ်းများကို ဒေါ်နယ်ထရန့် သိမ်းဆည်းထားခြင်းနှင့်ပတ်သက်၍ FBI က အိမ်ဖြူတော်မှ အကြံပေးအရာရှိဟောင်းအား တွေ့ဆုံမေးမြန်း

(GMT+08:00)2022-08-17 17:10:26  

လျှို့ဝှက်စာရွက်စာတမ်းများကို ဒေါ်နယ်ထရန့်က သိမ်းဆည်းထားခြင်းနှင့်ပတ်သက်၍ FBI သည် အိမ်ဖြူတော်မှ ဥပဒေ ဆိုင်ရာ အကြံပေးအရာရှိဟောင်း ပတ် စီပိုရွန် နှင့် ၄င်း၏ လက်ထောက် ပက်ထရီခ် ဖီလ်ပင်တို့အား ခေါ်ဆိုတွေ့ဆုံမေးမြန်းခဲ့သည်ဟု Reuters သတင်းဌာနက ယမန်နေ့ ၁၆ ရက်နေ့က ဖော်ပြခဲ့ပါသည်။ ပက်ထရီခ် ဖီလ်ပင်သည် ယခုနှစ် နွေဦးရာသီတုန်းက FBI၏ စုံစမ်းစစ်ဆေးမေးမြန်းမှုကို လက်ခံခဲ့ရပြီး ပတ် စီပိုရွန် ၏ စုံစမ်းစစ်ဆေးမှု အချိန်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သတင်းရရှိပါသည်။