ရှီကျင့်ဖိန်သည် အီဂျစ် ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှုနှင့်ပတ်သက်၍ အီဂျစ်သမ္မတ alSisi ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-08-17 17:19:16  

ဩဂုတ်လ ၁၆ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီဂျစ်ရှိ ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှုနှင့် ပတ်သက်၍ အီဂျစ်သမ္မတ alSisi ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က အီဂျစ်တွင် ဘုရားကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူသေကျေ ဒဏ်ရာရရှိမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ကို ကြားသိရသည့်အတွက် တုန်လှုပ်မိပါကြောင်း၊ မိမိသည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိအနေနှင့်လည်းကောင်း သေဆုံးသူများအတွက် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရရှိသူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည် သက်သာလာရန် ဆုတောင်းပါကြောင်း ဖေါ်ပြထားပါသည်။