ကုလအတွင်းရေးမှူးချုပ်သည် ယူကရိန်းသမ္မတနှင့်အတူ ၁၈ရက်နေ့တွင် Lviv ၌ တွေ့ဆုံမည်

(GMT+08:00)2022-08-17 17:08:00  

ယူကရိန်းသမ္မတ Zelenskyy ၏ တောင်းဆိုချက်အရ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် Guterres သည် ယူကရိန်းသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁၇ရက်နေ့ ညတွင် Lvivသို့ ရောက်ရှိမည်ဖြစ်ပြီး ၁၈ရက်နေ့တွင် ယူကရိန်းသမ္မတ Zelenskyy၊ တူရကီသမ္မတ Erdogan တို့နှင့် (၃)ပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်ကြောင်း ဒေသစံတော်ချိန် သြဂုတ်လ ၁၆ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။