ရှီကျင့်ဖိန် တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ကျင်းကျိုးမြို့သို့ သွားရောက်လေ့လာ

(GMT+08:00)2022-08-17 17:03:45  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် သြဂုတ်လ ၁၆ရက်နေ့ ညနေပိုင်းက လျောင်နင်ပြည်နယ် ကျင်းကျိုးမြို့ရှိ လျောင်နင်-ရှန်ယန်း တိုက်ပွဲအထိမ်းအမှတ်ပြတိုက်၊ East Lake သစ်တောဥယျာဉ်သို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်လေ့လာခဲ့ပါသည်။ သမ္မတရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ လွတ်မြောက်ရေး စစ်ပွဲသမိုင်းနှင့် လျောင်နင်-ရှန်ယန်းတိုက်ပွဲအောင်ပွဲဖြစ်စဉ်ကို ပြန်လည်သုံးသပ်ပြီး လျောင်နင်ပြည်နယ်၏ ရေဘေးကာကွယ်ရေးလုပ်ငန်း၊ ဒေသခံဂေဟပတ်ဝန်းကျင် ပြုပြင်မွမ်းမံရေးနှင့် ကာကွယ်ရေးထိန်းသိမ်းရေးအခြေအနေ ဆိုင်ရာ အစီရင်ခံ တင်ပြမှုကို ကြားနာကာ ရေဘေး ကာကွယ်ရေး လုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များ ခုခံနိုင်စွမ်း မြှင့်တင်ခြင်းနှင့် ပတ်သက်၍ မှာကြားခဲ့ပါသည်။