လျောင်နင်ပြည်နယ် ရေဘေးအခြေအနေကို ရှီကျင့်ဖိန် ဂရုစိုက်

(GMT+08:00)2022-08-17 17:04:30  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သြဂုတ်လ ၁၆ရက်နေ့ ညနေပိုင်းက လျောင်နင်ပြည်နယ် ကျင်းကျိုးမြို့တွင် Xiaoling မြစ်နှင့် သမီး မြစ် ပတ်ဝန်းကျင် ဘက်စုံ ပြုပြင်မွမ်းမံရေး အခြေအနေကို သွားရောက်လေ့လာပြီး ယခုနှစ် လျောင်နင်ပြည်နယ်၏ ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအခြေအနေ အစီရင်ခံတင်ပြမှုကို ကြားနာခဲ့ပါသည်။ သမ္မတရှီကျင့်ဖိန်က ဒေသခံ တရုတ်ကွန်မြူနစ်ပါတီကော်မတီ အဆင့်ဆင့်နှင့် အစိုးရအား ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ နည်းလမ်းများကို သေသေချာချာ အကောင်အထည်ဖော်ရန်၊ ဘေးသင့်ခဲ့ရသူများကို ကောင်းမွန်စွာ နေရာချထားပေးပြီး ပြည်သူများ၏ အသက်စည်းစိမ်လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ နာလန်ထူရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းကို ရေးဆွဲပြီး ဘေးသင့်ခဲ့ရသူများကို ပုံမှန်ထုတ်လုပ်မှုနှင့် နေထိုင်မှု အလျင်အမြန် ပြန်လည်ရရှိဖို့် အကူအညီပေးရန် မှာကြား ခဲ့ပါသည်။