စစ်လိုလားခြင်း အပေါ် စွဲလမ်းသွားခြင်းကို မဖြတ်လျှင် “ကာဘူးလ်အခိုက်အတန့်” ပြန်ဖြစ်လာမည်

(GMT+08:00)2022-08-17 17:06:28  

"အမေရိကန်သည် မိမိတို့ကို သစ္စာဖောက်ခဲ့ကြောင်း၊" "ဂျိုးဘိုင်ဒန်သည် အရည်အချင်းမမှီသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း၊ ၄င်းသည် မိမိတို့၏ဒုက္ခများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊" မကြာသေးမီက အမေရိကန်ရှိ နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် GRID သည် အာဖဂန်လူမျိုး ၉ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။ လွန်ခဲ့သည့်တစ်နှစ်အတွင်း ၎င်းတို့၏ဘဝများကို ပြန်ပြောသောအခါတွင် အမေရိကန် အပေါ် ၎င်းတို့၏ဒေါသကို တညီတညွတ်တည်း ဖော်ပြခဲ့ကြသည်။

လွန်ခဲ့သည့်တစ်နှစ်တုန်းက အာဖဂန်နိုင်ငံကို နှစ်ပေါင်း၂၀ကြာ ဝင်ရောက်ကျူးကျော်ခဲ့သော အမေရိကန်တပ်များသည် ကဘူးလ်မြို့မှ ကမန်းကတန်း ဆုတ်ခွါခဲ့သည်။ “ကဘူးလ်အခိုက်အတန့်” သည် အာဖဂန်နိုင်ငံကို အမေရိကန်မှ ကျူးကျော်မှု ရှုံးနိမ့်ခြင်း၏ လက္ခဏာတစ်ခုအဖြစ်လည်း ရှုမြင်ပါသည်။ သို့သော်လည်း အမေရိကန် အစိုးရသည် အာဖဂန်တွင် ဆိုးယုတ်မှုများကို ခဏတာမျှ မရပ်တန့်သေးပေ။စီးပွားရေးပိတ်ဆို့အရေးယူမှုများ၊ အာဖဂန်လူမျိုးများ၏ အသက်ကယ်ငွေများကို လုယက်မှုနှင့် အချုပ်အခြာ အာဏာပိုင်မှု အပေါ် စိတ်တိုင်းကျ ကျူးကျော်ထိပါးမှုစသည်များကို ပြုလုပ်ခဲ့သည်။

အာဖဂန်နိုင်ငံ အပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုသည် ဒေသတွင်း

အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့မှ အရာရှိတစ်ဦးက ထောက်ပြသည်။"အာဖဂန်နိုင်ငံသား ၉၈ရာခိုင်နှုန်းသည် စားစရာအလုံအလောက်မရှိ၍ အသက်ငါးနှစ်အောက်ကလေး တစ်ဝက်နီးပါးသည် ပြင်းထန်သော အာဟာရချို့တဲ့မှု ခံရလိမ့်မည်။"

စီးပွားရေးပိတ်ဆို့အရေးယူမှုများသည် အာဖဂန်နိုင်ငံ၏ ပြန်လည်ထူထောင်ခြင်းအတွက် အမေရိကန်က ဖန်တီးပေးသည့် အတားအဆီး ဖြစ်သည်။ ပုံမှန်စီးပွားရေးနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြန်လည်တည်ဆောက်ထားခြင်း မရှိပါက အာဖဂန်လူမျိုးများ၏ စားဝတ်နေရေးပုံစံမှ ချမ်းသာသည့်ပုံစံသို့ ပြောင်းလဲရန် မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ရေးရာညှိနှိုင်းရေးရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာကြီးကို ပိုဒေါသဖြစ်စေတာက အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၇ဘီလီယံခန့်ကို အမေရိကန်သည် ချိပ်ပိတ်ထားနေသည်။ နိုင်ငံတကာဖိအားပေးမှုများကြောင့် အမေရိကန်နှင့် အာဖဂန်ကြားဖြတ်အစိုးရတို့သည် ၄င်းငွေကြေးများကို နိုင်ငံတကာကြီးကြပ်မှုရှိသော ယုံကြည်လွှဲအပ်ခြင်း ရန်ပုံငွေဖြင့် စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ဇူလိုင်လကုန်တွင် ဆွေးနွေးခဲ့သည်။ သို့သော်လည်း ကြီးကြပ်မည့်သူ ပြဿနာအပေါ် ကြီးမားသောကွဲပြားမှုများ ရှိနေသောကြောင့် အမေရိကန်မှ ချိပ်ပိတ်မှု ဖျက်သိမ်းမည့် အချိန်ကို မသိရသေးပေ။

လွန်ခဲ့သည့်လကုန်ပိုင်းတွင် အမေရိကန်စစ်တပ်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး အမည်ဖြင့် ကဘူးလ်မြို့ကို မောင်းသူမဲ့လေယာဉ်ဖြင့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့သည်။ ယင်းကြောင့် အာဖဂန်နိုင်ငံ အနှံ့အပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အမေရိကန်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အာဖဂန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးခြင်း ဖြစ်ကြောင်း အာဖဂန်ရှိ နာမည်ကျော်နိုင်ငံရေးဝေဖန်သုံးသပ်သူတစ်ဦးက ထောက်ပြသည်။

လွန်ခဲ့သောတစ်နှစ်အတွင်း အမေရိကန်မှ ပိတ်ဆို့အရေးယူမှုများကို ပြုလုပ်ခဲ့သော်လည်း  နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီဖြင့် အာဖဂန်နိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးတွင် ဆောင်းရာသီ အေးချမ်းမှု၊ မြေငလျင်၊ ရေလွှမ်းမိုးမှုနှင့် ပိတ်ဆို့အရေးယူမှု အပါအဝင် စိန်ခေါ်မှုများကို ကျော်လွှားခဲ့ပြီး လုံခြုံမှု ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစသည့် နယ်ပယ်များတွင် တိုးတက်မှုအချို့ ရရှိလာခဲ့သည်။

အာဖဂန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေး အဖွဲ့၏ နောက်ဆုံးအချက်အလက်များအရ ဇွန်လ ၁၅ ရက်နေ့အထိ အာဖဂန် ကြားဖြတ်အစိုးရ တက်လာပြီးနောက် အရပ်သားသေဆုံးမှု ဦးရေသည် ပဋိပက္ခ မြင့်မားသည့် ယခင်နှစ်များကထက် များစွာလျော့နည်းသွားခဲ့သည်ဟု သိရသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး၏ စာရင်းအရ  ၂၀၂၀ပြည့်နှစ်တွင် အာဖဂန် နိုင်ငံ ဘိန်းစိုက်ပျိုးမှု ဧရိယာသည် ၂၀၀၁ ခုနှစ်ကထက် အဆ ၃၀ နီးပါး တိုးလာခဲ့သည်ဟု သိရသည်။၂၀၂၁ခုနှစ်တွင် အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် အာဖဂန်ကြားဖြတ်အစိုးရသည် နိုင်ငံတစ်ဝန်းတွင် ဘိန်းစိုက်ပျိုးမှု နှင့် မူးယစ်ဆေးဝါး အမျိုးမျိုး ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းနှင့် ရောင်းဝယ်ဖောက်ကား ခြင်းတို့ကို တားမြစ်ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

အာဖဂန်ပြည်သူများကို မမေ့သင့်ပါ။ အာဖဂန်နိုင်ငံတွင် မတည်မငြိမ်ဖြစ်မှုကို အစပြုသူဖြစ်သည့် အမေရိကန်သည် အပြစ်များကို လွှဲချခေါင်းရှောင်၍ မရပေ။ အာဖဂန်နိုင်ငံကို ဝင်ရောက် ကျူးကျော်မှုအတွက် အမေရိကန်အစိုးရသည် ဝန်ချတောင်းပန်ပြီး ငွေကို ချက်ချင်းပြန်ဆပ်ကာ အပြည့်အဝ လျော်ကြေးပေးရမည်။ ဤစစ်ပွဲ၏ သင်ခန်းစာများကို မှတ်ယူသင့်ပြီး စစ်လိုလားခြင်း အပေါ် စွဲလမ်းမှုကို ဖယ်ရှားသင့်သည်။ လမ်းမှားပေါ် ဆက်လက် လျှောက်လှမ်းပါက "ကဘူးလ် အခိုက်အတန့်" ထပ်မံ ဖြစ်ပေါ်လာမည်။