ကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထိန်းချုပ်သော ဇီဝစမ်းသပ်ခန်းများ နိုင်ငံများစွာ၌ ထူထောင်ပြီး လည်ပတ်နေပြီဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆို

(GMT+08:00)2022-08-17 17:07:19  

ယူကရိန်း၌ အမေရိကန်မှ ဇီဝ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်ခြင်းသည် ထူးခြားမှု မဟုတ်ကြောင်း၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထိန်းချုပ်သော ဇီဝ စမ်းသပ်ခန်းများကို နိုင်ငံများစွာ၌ ထူထောင်ပြီး  လည်ပတ်နေပြီဖြစ်ကာ ဒေသခံ ပြည်သူများ သေစေနိုင်သည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဒေသစံတော်ချိန် သြဂုတ်လ ၁၆ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Sergey Shoygu က “မော်စကို နိုင်ငံတကာလုံခြုံရေးကွန်ဖရင့်-၂၀၂၂” အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။