မိမိတို့သည် အရှေ့မြောက်ပိုင်း ဒေသ ပြန်လည်ရှင်သန်ရေး အပေါ် ယုံကြည်မှု အပြည့်အဝရှိသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-08-17 17:05:28  

 ယခုလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လျောင်နင် ပြည်နယ် ကျင်ကျိုးမြို့ရှိ အရှေ့ရေကန် သစ်တော ဥယျာဉ်တွင် စစ်ဆေးကြည့်ရှုရာ၌ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ပုံစံ ခေတ်မီရေးသည် ပြည်သူ တစ်ရပ်လုံး အတူတကွ ချမ်းသာသည့် ခေတ်မီရေး ဖြစ်ပြီး လူအနည်းငယ်၏ ချမ်းသာမှုသာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး၏ ဘုံချမ်းသာရေးကို အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း၊  ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်  နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် အရှေ့မြောက်ပိုင်းဒေသ ပြန်လည်ရှင်သန် ရေး အတွက် နက်ရှိုင်းစွာ တွန်းအားပေးရေး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း၊ ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် စက်မှု လုပ်ငန်း ဖွဲ့စည်းပုံ ထိန်းညှိရေးကို ဆက်လက် အရှိန်မြှင့် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့သည် အရှေ့မြောက်ပိုင်းဒေသ ပြန်လည်ရှင်သန်ရေး အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း ပြောကြားသည်။