ခြင်နယ်မြေကိုစောင့်ကြပ်တဲ့ စစ်ခွေး အငြိမ်းစားယူသွားပြီ

(GMT+08:00)2022-08-17 17:12:09  

ရှင်းကျန်းစစ်ဒေသ ပေဝမ်းနယ်ခြားစောင့်တပ်မှ ရုပ်ချောတဲ့ စစ်ခွေး"ရန်လုံ"ကို မှတ်မိပါသလား။ ဒီနေရာဟာ ခြင်နယ်မြေလို့ ခေါ်ဝေါ်ပြီး၊ ပါးကို ရိုက်လိုက်ရုံနဲ့ ခြင်ကောင်ရေ ၁၀၀ကျော် သေဆုံးနိုင်ပါတယ်။ ယခင်သတင်းကို ဖတ်ရှုပြီးနောက်၊ အင်တာနက် သုံးသူများဟာ ခြင်ဆေးအဝတ်အစားများကို "ရန်လုံ" သို့ ပေးပို့ပြီး၊ "ရန်လုံ"ကင်းလှည့်တဲ့အခါ ခြင်ကိုက်တာကို မကြောက်တော့ပါဘူး။

အခုဆိုရင် နယ်စပ်မှာ ၈နှစ်ကြာ စောင့်ကြပ်ခဲ့တဲ့ "စစ်မှုထမ်းဟောင်း" ရန်လုံဟာ အငြိမ်းစား ယူတော့မယ်။