အာမေးနီးယား အယ်လီဝင် ဈေးတွင် ဖြစ်ပွားသောပေါက်ကွဲမှုကြောင့် သေဆုံးသူများ အတွက် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ပြုလုပ်မည်

(GMT+08:00)2022-08-17 17:08:39  

ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့က အာမေးနီးယား ဝန်ကြီးချုပ် ဖာရှီမီရမ်က အယ်လီဝင်ဈေးတွင် ဖြစ်ပွားသောပေါက်ကွဲမှုကြောင့် လူအမြောက်အမြား ဒဏ်ရာရရှိပြီး သေဆုံးသဖြင့် ယခုလ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က အာမေးနီးယား အယ်လီဝင်ရှိ ဆူလ်မာလူ လက်ကားဈေးတွင် ပေါက်ကွဲမှုနှင့် မီးလောင်မှု ဆိုးရွားစွာ ဖြစ်ပွား၍ ယခုအထိ လူ ၁၆ဦး သေဆုံးကာ ၃ဦး ပျောက်ဆုံးနေကြောင်း သတင်းအရ သိရပါသည်။