ဗြိတိန်ကင်းလှည့်ထောက်လှမ်းရေး လေယာဉ်တစ်စင်းသည် ရုရှား လေပိုင်နက်ကို ကျူးလွန် ခဲ့ခြင်းကြောင့် ၄င်းအား နှင်ထုတ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-08-16 14:52:10  

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယခုလ ၁၅ ရက်နေ့ညက ထုတ်ပြန်ချက်အရ ထိုနေ့တွင် ရုရှား လေကြောင်းရန်ကာကွယ်‌ရေးတပ်ဖွဲ့သည် Barents ပင်လယ် ကောင်းကင်ယံတွင် ရုရှားနိုင်ငံနယ်စပ်သို့ အမည်မသိ ပျံသန်းနေသော လေယာဉ်တစ်စင်းကို တွေ့ရှိခဲ့ကြောင်း သိရပါသည်။

နိုင်ငံနယ်နိမိတ်ကို ကျူးလွန်ခြင်းမှ ကာကွယ်ရန်အတွက် ရုရှားနိုင်ငံမှ MIG-31BM တိုက်လေယာဉ် တစ်စင်းသည် ကောင်းကင်သို့ ပျံတက်ခဲ့ပြီး ၄င်းလေယာဉ်မှာ ဗြိတိန်လေတပ် RC-135 ကင်းလှည့်ထောက်လှမ်းရေးနှင့် အီလက်ထရွန်နစ် တိုက်လေယာဉ်ဖြစ်ခြင်းကို အတည်ပြုခဲ့ကြောင်း၊ ယင်းလေယာဉ်သည် ရုရှားမြောက်ပိုင်း ဟောလီဟိုဒေသတွင် ရုရှား၏လေပိုင်နက်ကို ကျူးလွန်ခဲ့ပြီး MIG-31BM တိုက်လေယာဉ်သည် ဗြိတိန်ကင်းလှည့်ထောက်လှမ်းရေးလေယာဉ်အား နှင်ထုတ်ခဲ့ကြောင်း သိရပါသည်။