တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်လွှတ်တော်အမတ်များ ထိုင်ဝမ်သို့ သွားရောက်ခြင်းနှင့် ပတ်သက်၍ မဖြစ်နိုင်တာကိုလုပ်ပြီး ရှုံးနိမ့်မှာသေချာသည်ဟု တုံ့ပြန်ပြောဆို

(GMT+08:00)2022-08-16 14:46:39  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်အထက်လွှတ်တော်အမတ် Markeyနှင့် ၎င်း၏အဖွဲ့သည် တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်စွာ အရေးဆိုမှုနှင့် ပြတ်ပြတ်သားသား ကန့်ကွက်မှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ဇွတ်အတင်း သွားရောက်ကာ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း ၃ ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို ကျူးလွန်ပြီး “ထိုင်ဝမ်သီးခြားတည်ရှိရေး”အင်အားများထံ ပြင်းထန်စွာ မှားယွင်းသောအချက်ပြခဲ့သည်ဟု ယခုလ ၁၅ ရက်နေ့က ပြောကြားပါသည်။

အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ အာရှ-ပစိဖိတ်ဆပ်ကော်မတီဥက္ကဋ္ဌ Markey အပါအဝင် လွှတ်တော်အမတ် ၅ဦးသည် ၁၄ရက်နေ့၌ တိုင်ပေသို့ ရောက်ရှိခဲ့ကြောင်း သတင်းအရ သိရသည်။