အာဖဂန်မှ ကန်တပ်ဖွဲ့ဆုတ်ခွါသွားခြင်း ၁ နှစ်ပြည့်မြောက်ခြင်းကို အာဖဂန်ပြည်သူများ ဆင်နွှဲ

(GMT+08:00)2022-08-16 17:44:47  

    ၂၀၂၁ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က အာဖဂန် တာလီဘန်လက်နက်ကိုင်အဖွဲ့သည် ကဘူးလ် မြို့သို့ ဝင်ရောက်ပြီး ပြန်လည် သိမ်းယူထားခဲ့ပါသည်။ ထိုနေ့တွင်ပင် အမေရိကန် တပ်ဖွဲ့သည် အာဖဂန်မှ ကမန်းကတန်း ဆုတ်ခွါသွားခဲ့ပါသည်။ သြဂုတ်လ ၁၅ ရက်နေ့သည် အာဖဂန်နိုင်ငံ အများပြည်သူများ၏ အားလပ်ရက်ဖြစ်လာပါသည်။ ယမန်နေ့ ၁၅ ရက်နေ့က အာဖဂန်နိုင်ငံ ကဘူးလ်မြို့၌ အထိမ်းအမှတ် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ရာ ဒေသခံများသည် “အမေရိကန်ဆန့်ကျင်ရေး” ကြွေးကြော်သံများကို ကြွေးကြော်ပြီး အာဖဂန်နိုင်ငံ သိမ်းပိုက်ထားမှု အဆုံးသတ်ခြင်းကို ဆင်နွှဲခဲ့ကြပါသည်။