ဇူလိုင်လတွင် တရုတ်တစ်ပြည်လုံး အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်း၏ တန်ဖိုးတိုးမြင့်မှု ပမာဏသည် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၃.၈ရာခိုင်နှုန်းတိုးလာ

(GMT+08:00)2022-08-16 17:44:23  

သြဂုတ်လ ၁၅ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ဇူလိုင်လ အမျိုးသား စီးပွားရေးလည်ပတ်မှု အခြေအနေ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ တရုတ် အမျိုးသား စာရင်းအင်း ဌာနမှ ပြောရေးဆိုခွင့်ရှိသူ၊ အမျိုးသား စီးပွားရေး အထွေထွေစာရင်း ကောက်ယူရေး ဦးစီးဌာန ညွှန်ချုပ် ဖူလင်ဟွေးက ဇူလိုင်လတွင် တစ်ပြည်လုံး အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်း၏ တန်ဖိုးတိုးမြင့်မှု ပမာဏသည် ယမန်နှစ် အလားတူအချိန်ပိုင်း ကထက် ၃.၈ ရာခိုင်နှုန်းတိုးလာပြီး ဇွန်လကထက် ၀.၁ရာခိုင်နှုန်း ကျဆင်းကြောင်း၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ တစ်ပြည်လုံး အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်း၏ တန်ဖိုးတိုးမြင့်မှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃.၅ ရာခိုင်နှုန်း တိုးလာကြောင်း ပြောကြားသည်။