အဖြစ်မှန် ရှေ့မှောက်တွင် Belt and Road ကမ်းလှမ်းချက်ကို အိုးမည်းသုတ် ပြောဆိုချက် မှန်သမျှ ထမြောက်နိုင်မည် မဟုတ်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-16 14:45:32  

   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အဖြစ်မှန် ရှေ့မှောက်တွင် Belt and Road ကမ်းလှမ်းချက်နှင့် တရုတ်နှင့် အခြား ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို အိုးမည်းသုတ် ပြောဆိုချက် မှန်သမျှ ထမြောက်နိုင်မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်ကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ပြီး Belt and Road ကို အရည်အသွေးမြင့်မားစွာ အတူ တည်ဆောက်၍ အကျိုးတူ ဖွံ့ဖြိုး တိုးတက်ရေး၏ အောင်ကျိုးရလဒ်များကို နိုင်ငံအသီးသီးမှ ပြည်သူများ ပိုမို ကောင်းမွန်စွာ ပိုမို တရားမျှတစွာ ခံစားနိုင်ရန် ဆောင်ရွက်လိုပါကြောင်း ယခုလ ၁၅ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

   သြဂုတ်လ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေး ဝန်ကြီးသည် ဗြိတိန်နိုင်ငံ Financial Times သတင်းစာသို့ စာပေးပို့ပြီး ယင်းသတင်းစာတွင် ၄င်း၏ Belt and Road ဆိုင်ရာ ပြောဆိုချက်ကို တလွဲတချော် မဟုတ်မမှန် သတင်းထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ရှင်းလင်းဖေါ်ပြခဲ့ကြောင်း သတင်းရရှိပါသည်။