တောင်ကိုရီးယား၌ အတိုင်းအတာကြီးမားသော ကန် ဆန့်ကျင်ရေးစုဝေးပွဲ ဖြစ်ပွား

(GMT+08:00)2022-08-16 17:47:45  

ဆိုးလ်မြို့လည်ခေါင်၌ ၁၃ရက်နေ့က အတိုင်းအတာကြီးမားသော အမေရိကန်ကို ဆန့်ကျင်ရေးစုဝေးပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စုဝေးပွဲသို့ ပါဝင်ကြသူများသည် တောင်ကိုရီးယား အစိုးရအား ယခုလ လကုန်ပိုင်းတွင် စီစဉ်ကျင်းပမည့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ဆိုင်းငံ့ရန် နှင့် “တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ကို ဖျက်သိမ်းပြီး တောင်ကိုရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့ကို ရုပ်သိမ်း”ရန် တောင်းဆိုကြောင်း၊ ယခုအကြိမ် အမေရိကန်ကို ဆန့်ကျင်ရေးစုဝေးပွဲကို ဆင်နွှဲသော “Korean Confederation of Trade Unions”မှတာဝန်ခံက ကိုရီးယားကျွန်းဆွယ်၏ ကံကြမ္မာကို ထင်ရာစိုင်း ချုပ်ကိုင်ခြယ်လှယ်သော အမေရိကန်နှင့် တိုက်ခိုက်ရမည်ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား Chosun နေ့စဉ်သတင်းစာမှ ၁၅ရက်နေ့ထုတ် သတင်းအရ သိရပါသည်။