Dejiang-Yuqing အမြန်လမ်းပေါ်ရှိ Wujiang မြစ် တံတားကြီးကို အောင်မြင်စွာ ဆောက်လုပ် ပြီးဆုံး

(GMT+08:00)2022-08-16 14:47:22  

တရုတ်လမ်းပန်းဆက်သွယ်ရေးတည်ဆောက်မှုကုမ္ပဏီမှ တည်ဆောက်ခဲ့သော Dejiang-Yuqing အမြန်လမ်းပေါ်ရှိ Wujiangမြစ် တံတားကြီးကို သြဂုတ်လ ၁၅ရက်နေ့က အောင်မြင်စွာ ဆောက်လုပ် ပြီးဆုံးခဲ့သည်။ Dejiang-Yuqing အမြန်လမ်းပေါ်ရှိ Wujiangမြစ် တံတားကြီးသည် တရုတ်နိုင်ငံ ကွေ့ကျိုး ပြည်နယ်ရှိ Sinan၊ Shiqian နှင့် Fenggang ခရိုင်များ ဆက်စပ်ရာနေရာတွင် တည်ရှိပြီး Dejiang-Yuqing အမြန်လမ်း၏ အရေးကြီးသော ထိန်းချုပ်မှုစီမံကိန်းလုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ တံတားအရှည်မှာ စုစုပေါင်း ၁၈၃၄ မီတာရှိပြီး ပင်မတံတားမှာ ၅၀၄မီတာ ရှည်လျားသည့် deck steel tube ကွန်ကရစ် ခုံးတံတားဖြစ်သည်။