အီရန်နျူကလီးယားသဘောတူစာချုပ် လိုက်နာမှု ပြန်လည်စတင်ရန် အမေရိကန်မှ "ပျော့ပျောင်းမှု"လိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဆို

(GMT+08:00)2022-08-16 17:39:23  

အီရန်နိုင်ငံခြားရေးဝန်ကြီး Abdullahyan က အီရန်အနေနှင့် အီရန်နျူကလီးယား ပြဿနာရေးရာ သဘောတူစာချုပ် လိုက်နာမှုပြန်လည်စတင်ခြင်းနှင့်ပတ်သက်၍ ယခုလ ၁၅ရက်နေ့ နှောင်းပိုင်းတွင် ၎င်း၏ နောက်ဆုံးထင်မြင်ချက်အား တင်သွင်းမည်ဖြစ်ကြောင်း၊ အမေရိကန်အနေနှင့် "ပျော့ပျောင်းမှု"ရှိပါက လာမည့်ရက်အနည်းငယ်အတွင်း သဘောတူညီမှု ရရှိနိုင်မည်ဖြစ်ကြောင်း ထိုနေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

အီရန်သည် သီးခြားကိစ္စ ၃ရပ်နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် သွယ်ဝိုက်သောနည်းဖြင့် စေ့စပ်ဆွေးနွေးနေကြောင်း ထိုနေ့က သတင်းထောက်နှင့်တွေ့ဆုံရာ၌ Abdullahyanက ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။