အရှေ့စစ်နယ် တပ်ဖွဲ့များသည် ထိုင်ဝမ်အနီးရှိ ပင်လယ်နှင့် လေပိုင်နက်တွင် တကယ့် တိုက်ပွဲဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2022-08-16 17:45:29  

သြဂုတ်လ  ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အရှေ့စစ်နယ်တပ်ဖွဲ့များသည် ထိုင်ဝမ်အနီးရှိ ပင်လယ်နှင့် လေပိုင်နက်တွင် တပ်ဖွဲ့ ပေါင်းစုံ ပူးပေါင်းပြီး စစ်ရင်ဆိုင်ရေး အတွက် အသင့်ပြင်ဆင်ထားမှုနှင့် ကင်းလှည့်ရေး လေ့ကျင့်မှုနှင့် တကယ့် တိုက်ပွဲဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။ ယင်းသည် အမေရိကန်နှင့် ထိုင်ဝမ်တို့မှ နိုင်ငံရေးလှည့်ကွက်များ ဆက်လက် ကစားနေပြီး ထိုင်ဝမ်ရေလက်ကြား ဒေသ၏ ငြိမ်းချမ်းတည်ငြိမ်မှု ဖျက်ဆီးနေသော လုပ်ရပ်များကို ရည်ရွယ်ပြီး တည်ကြည် လေးနက်သော သတိပေးခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှုနှင့် ထိုင်ဝမ်ရေလက်ကြားဒေသ၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် အရှေ့စစ်နယ်တပ်ဖွဲ့များသည် လိုအပ်သော ဆောင်ရွက်ချက်မှန်သမျှကို ပြတ်ပြတ်သား သား ပြုလုပ်မည် ဖြစ်ပါသည်။