ဝမ်ယိသည် အာရှနှင့် အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဂျီနီဗာဆိုင်ရာသံတမန်များနှင့် ဗီဒီယိုဖြင့် တွေ့ဆုံ

(GMT+08:00)2022-08-16 14:50:52  

       သြဂုတ်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်နေသော အာရှနှင့် အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံများမှ  ဂျီနီဗာဆိုင်ရာသံတမန်များနှင့် ဗီဒီယိုဖြင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ တရုတ်နိုင်ငံ၏ ကုလသမဂ္ဂတွင် မဲပေးခွင့်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြောဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။

ဝမ်ယိသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုး ရလဒ်များကို ရှင်းလင်းပြောကြားပြီး တရုတ်နိုင်ငံအနေနှင့် တန်းတူရည်တူ အပြန်အလှန် လေးစားသည့် အခြေခံပေါ်တွင် ပွင့်လင်းသောသဘောထားဖြင့် နိုင်ငံအသီးသီးနှင့် လူ့အခွင့်အရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်လိုကြောင်း ပြောကြားပါသည်။

အာရှနှင့် အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံများမှ  ဂျီနီဗာဆိုင်ရာသံတမန်များက ထိုင်ဝမ်နှင့် ရှင်းကျန်းသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်၍ မရကြောင်း၊ လူ့အခွင့်အရေးကိစ္စကို နိုင်ငံရေးကိစ္စ ဖြစ်အောင် မပြုလုပ်သင့်ကြောင်း၊ တရုတ်နိုင်ငံ၏ တရားမျှတသော အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး လုပ်ဆောင်မှုများကို နိုင်ငံတကာမိသားစုကြီးက ပြတ်ပြတ်သားသား ထောက်ခံသင့်ကြောင်း ပြောကြားသည်။