ဂျပန်အား စစ်ဝါဒကို အရင်းအမြစ်မှနေ စွန့်ပစ်ရန် တရုတ် လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2022-08-16 14:46:01  

လွန်ခဲ့သည့် ၇၇ နှစ်တုန်းက သြဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်က စစ်ပွဲ ရှုံးနိမ့်ပြီး ခြွင်းချက်မဲ့ အရှုံးပေးကြောင်း ကြေညာခဲ့ပါသည်။ ယခုလ ၁၅ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က လွန်ခဲ့သည့် ၇၇ နှစ်တုန်းက တရုတ်ပြည်သူများသည် ကမ္ဘာ့ပြည်သူများနှင့် အတူ ဂျပန် စစ်ဝါဒီ ကျူးကျော်သူများနှင့် ဖက်ဆစ်ဝါဒကို တိုက်ဖျက်ခဲ့ပြီး ဓမ္မက အဓမ္မကို အောင်သည့်၊ ထွန်းလင်းမှုက မှောင်မည်းမှုကို အောင်သည့်၊ အပြုက အဖျက်ကို အောင်သည့် ကြီးမြတ်သော အောင်မြင်မှုကို ရရှိခဲ့ကြောင်း၊  ဂျပန်ပြည်ဘက် အနေနှင့် သမိုင်း သင်ခန်းစာယူပြီး စစ်ဝါဒကို အရင်းအမြစ်မှနေ စွန့်ပစ်ရန် တရုတ်နိုင်ငံက လှုံ့ဆော်တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။