ကန် Miami-Dade ခရိုင်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ရဲတစ်ဦး သေဆုံးခဲ့ရ

(GMT+08:00)2022-08-16 17:47:22  

ဒေသစံတော်ချိန် သြဂုတ်လ ၁၅ရက်နေ့က အမေရိကန် Miami-Dadeခရိုင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ရဲတစ်ဦး သေဆုံးခဲ့ရကြောင်း၊ သင်္ကာမကင်းသူသည် ရဲဘက်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း၊ ရဲတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ရောက်ရှိပြီး ကယ်ဆယ်ကုသမှု မထိရောက်သောကြောင့် သေဆုံးခဲ့ကြောင်း အမေရိကန် CBS နှင့် အမေရိကန် Local 10 အသံလွှင့်ဌာနတို့မှ သတင်းကိုကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။