အီဂျစ်ဘာသာရေးအဆောက်အအုံတစ်ခု၌ မီးလောင်မှုကြောင့် လူ ၄၁ဦးထက်မနည်း သေဆုံး

(GMT+08:00)2022-08-15 17:31:00  

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်နှင့် ဆက်စပ်လျက်ရှိသည့် ဂီဇာပြည်နယ်ရှိ ဘာသာရေး အဆောက်အအုံတစ်ခုတွင် ယခုလ ၁၄ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၄၁ဦးထက်မနည်း သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနမှ ၁၄ ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ ပဏာမစုံစမ်းမှုအရ မီးလောင်မှုသည် ဘုရားကျောင်းတွင် လျှပ်စစ်ချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရသိရသည်။