ဒေါ်အောင်ဆန်းစုကြည် ကို အဂတိမှု ၄မှုအတွက် ထောင်ဒဏ် ၆နှစ်စီရင်ချမှတ်

(GMT+08:00)2022-08-15 20:45:23  

    ဒေသ စံတော်ချိန် ယခုလ ၁၅ရက်နေ့က  ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အဂတိမှု ၄မှုနှင့် စပ်လျဉ်း၍ နေပြည်တော် အကျဉ်းထောင် အတွင်းရှိ အထူးခုံရုံးသည် စီရင်ဆုံးဖြတ်ခဲ့ကြောင်း၊ ခုံရုံးသည် စွဲဆိုချက်များကို အတည်ပြုပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ် ၆နှစ် စီရင်ချမှတ်ကြောင်း၊ ယခုအထိ ဒေါ်အောင်ဆန်းစုကြည် အပေါ် စုစုပေါင်း ထောင်ဒဏ် ၁၇နှစ် ချမှတ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။